preloader

Perfect Blue

By: Anime Universe MM

Link Count: 3

Plot Summary

တစ်ခါတစ်လေ "ငါ" ဆိုတဲ့ဖြစ်တည်မှုဟာကိုယ်ကိုယ်တိုင်တောင်ဟုတ်ရဲ့လား ၊ ရှင်သန်နေရတဲ့ဘဝကြီးကရောအစစ်အမှန်ဖြစ်ရဲ့လားလို့စဉ်းစားမိကြတဲ့သူတွေများရှိသလားဗျ။ ဒါဆိုရင်တော့ဒီကားဟာသင့်အတွက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 1991 ခုနှစ်မှာထွက်ရှိတဲ့တဲ့ Perfect Blue : Kanzen Hentai ဆိုတဲ့ ဝတ္ထုကို ဒါရိုက်တာ Satoshi က ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးခဲ့တာဖြစ်ပြီး သူ့ခေတ်သူ့အခါတုန်းကတော်တော်အောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ J-Pop Group Cham ! ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်သူ Kirigoe Mima ဟာ Idol အဖြစ်ကနေရပ်နားပြီးတော့ သရုပ်ဆောင်အဖြစ်ကူးပြောင်းခဲ့ပါတယ်။ ဒါပေမဲ့အဲ့လိုကူးပြောင်းသွားတာကိုလက်မခံနိုင်တဲ့ပရိတ်သတ်တွေကလည်းရှိနေပါတယ်။ အစပိုင်းမှာချောချောမွေ့မွေ့နဲ့ကူးပြောင်းနိုင်ခဲ့တယ်လို့ထင်ရပေမဲ့ ရုပ်ရှင်ထဲမှာ Rape Scene သရုပ်ဆောင်ရဖို့ဖြစ်လာတာကနေစပြီးအရာရာပြောင်းလဲလာခဲ့ပါတယ်။ လက်တွေ့ဘဝနဲ့ ထင်ယောင်ထင်မှားဖြစ်မှုတွေဟာတစ်ခုတည်းအဖြစ်ပေါင်းစပ်သွားခဲ့အခါ ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

Anime Detail

Date of release: 1998

Status: FINISHED

Genre: Drama , Horror

Scores: 8.5

Views: